မန္တလေး အောက်တိုဘာ ၂၃
ပထမအကြိမ်နှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်း အတွင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအား ပြင်ဆင်ဖြည့်စွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေး ကို (၂၃.၁၀.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမငယ်၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်မိုးသက်၊ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

















