မန္တလေး အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီးလွှတ်တော် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်း ဥပဒေကြမ်း ပြုစုရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (စတုတ္ထနေ့) အား ယနေ့မွန်းလွဲ (၁:၀၀) နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမငယ်၌ ကျင်းပသည်။ အစည်းအဝေးသို့ သတ္တု အသေးစားနှင့် လက်လုပ် လက်စား လုပ်ငန်း ဥပဒေကြမ်း ပြုစုရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဒုတိယ ဗိုလ်မှူးကြီး ကျော်ဝင်း နှင့် အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးပိုအေး နှင့်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။









