မန္တလေး အောက်တိုဘာ ၁၄
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့်လူမှုရေး ဆိုင်ရာကော်မတီနှင့် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီသည် မန္တလေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြားလာသော တိုင်ကြားစာနှင့်ပတ်သက်၍ ကော်မတီအနေဖြင့် သိရှိလိုသည်များနှင့်စပ်လျဉ်း၍ (၁၄.၁၀.၂၀၂၆)ရက်နေ့ မနက်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်သို့ ကွင်းဆင်းလေ့လာခြင်း ပြုလုပ်သည်။
အဆိုပါ ကွင်းဆင်းလေ့လာခြင်းသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာ နှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဦးဇော်အောင်ထက် နှင့် ကော်မတီအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သူ ၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီးနိုင်လင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။














