တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မေးမြန်းတင်သွင်းမည့် အဆိုမေးခွန်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း ကျင်းပပြုလုပ်

မန္တလေး အောက်တိုဘာ ၂၁

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မေးမြန်းတင်သွင်းမည့် အဆိုမေးခွန်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေးရာကော်မတီခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းလွင်၊ လွှတ်‌တော်ကိုယ်စားလှယ်များ စိစစ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြတ်သူ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဆွေသန်းတို့ တက်ရောက်ကြသည်။