မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေး အောက်တိုဘာ ၁၉

          မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား ယနေ့ နံနက် (၉:၁၅) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး ဦးအောင်အောင်ဇော် နှင့် လွှတ်တော်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

          ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး လွှတ်တော်ရုံး ဝန်ထမ်းများ မှ ဆန္ဒဖော်ထုတ်တင်ပြနိုင်ရန် လက်ထောက်ညွှန်ကြားရေးမှူးများမှ မိမိတို့၏ ဌာနခွဲ၊ ဌာနစု များအလိုက် မေးမြန်းတင်ပြခြင်း၊ ဆက်လက်၍ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် လက်ထောက်ညွှန်ကြားရေးမှူးများမှ  မိမိတို့တင်ပြလိုသည်များကို ဆွေးနွေးတင်ပြ ခြင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး ဦးအောင်အောင်ဇော်မှ  နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။