မန္တလေး အောက်တိုဘာ ၁၅
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့် လူမှုရေး ဆိုင်ရာကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြားလာ သော တိုင်ကြားစာနှင့်ပတ်သက်၍ ကော်မတီအနေဖြင့် သိရှိလိုသည်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံမေးမြန်းခြင်း၊ သက်ဆိုင်ရာနယ်မြေသို့ ကွင်းဆင်း လေ့လာခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် လေ့လာတွေ့ရှိချက်များအား လွှတ်တော်ဥက္ကဋ္ဌထံသို့ ပြန်လည်အစီရင်ခံ တင်ပြနိုင်ရေးအတွက် အစီရင်ခံစာရေးသားခြင်းအား (၁၅.၁၀.၂၀၂၆) ရက်၊ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာ ကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဦးဇော်အောင်ထက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။








