မန္တလေး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ရာထူး၊ ရုံးအကူရာထူးနှင့် ယာဉ်မောင်း-၅ ရာထူး နေရာများတွင် ဖြည့်စွက်ခန့်ထားနိုင်ရေး အတွက် ယနေ့ (၂၁.၁၀.၂၀၂၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အငယ်တန်းစာရေးရာထူးများအတွက် ရေးဖြေနှင့် ကွန်ပျူတာ လက်တွေ့ကျွမ်းကျင်မှု စစ်ဆေးခြင်း၊ ယာဉ်မောင်း-၅ နှင့် ရုံးအကူရာထူးများအတွက် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အရည်အချင်းစစ်စာမေးပွဲ ရေးဖြေစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်မှ ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။








