တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီနှင့် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

မန္တလေး အောက်တိုဘာ ၁၆

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေး ဆိုင်ရာကော်မတီနှင့် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီသည် မန္တလေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြားလာသော တိုင်ကြားစာနှင့်ပတ်သက်၍ ကော်မတီအနေဖြင့် သိရှိလိုသည်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံ မေးမြန်းခြင်း၊ သက်ဆိုင်ရာနယ်မြေသို့ ကွင်းဆင်းလေ့လာခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် လေ့လာတွေ့ရှိချက်များအား လွှတ်တော်ဥက္ကဋ္ဌထံသို့ ပြန်လည်အစီရင်ခံ တင်ပြနိုင်ရေး အတွက် အစီရင်ခံစာရေးသားခြင်းအား (၁၆.၁၀.၂၀၂၆) ရက်၊ ယနေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာ ကော်မတီ အစည်းအဝေး ခန်းမ တွင် ကျင်းပပြုလုပ်သည်။

          အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊  အတွင်းရေးမှူး ဦးဇော်အောင်ထက် နှင့် ကော်မတီအဖွဲ့ဝင်များ၊  စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သူ၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး နိုင်လင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။