တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကျင်းပပြုလုပ်

မန္တလေး အောက်တိုဘာ ၁၆

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့်စီမံခန့်ခွဲရေး ဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကို (၁၆.၁၀.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

          အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လုံခြုံရေးနှင့်စီမံခန့်ခွဲရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးညီညီ(ခ)ဦးကျော်ဆန်း၊ အတွင်းရေးမှူး  ဗိုလ်မှူးကြီး ကျော်စိန်ထွန်း နှင့် ကော်မတီအဖွဲ့ဝင်(၄)ဦး တက်ရောက်ကြသည်။