တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာကော်မတီနှင့် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြုလုပ်

မန္တလေး ‌အောက်တိုဘာလ ၁၃

တတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာ ကော်မတီ၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြားလာသော တိုင်ကြားစာနှင့် ပတ်သက်၍ စီစစ်ခြင်း အစည်းအဝေး(ဒုတိယနေ့)ကို (၁၃.၁၀.၂၀၂၆)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ အစည်းအဝေးခန်းမငယ်တွင် ကျင်းပပြုလုပ်သည်။

          အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဦးဇော်အောင်ထက် နှင့် ကော်မတီ အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြတ်သူ ၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီးနိုင်လင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်‌‌ရောက်ကြသည်။