တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာကော်မတီနှင့် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

မန္တလေး ‌အောက်တိုဘာလ ၁၂

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေး ဆိုင်ရာကော်မတီ၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီသည် မန္တလေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြားလာသော တိုင်ကြားစာနှင့် ပတ်သက် ၍ စီစစ်ခြင်း အစည်းအဝေးကို (၁၂.၁၀.၂၀၂၆)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော်၊ အစည်းအဝေးခန်းမငယ်တွင် ကျင်းပပြုလုပ်သည်။

          အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဦးဇော်အောင်ထက် နှင့် ကော်မတီ အဖွဲ့ဝင်များ၊ စည်ပင် သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြတ်သူနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။