မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကြမ်း ပြုစုရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

မန္တ‌လေး အောက်တိုဘာ ၉

          မန္တလေးတိုင်းဒေသကြီးလွှတ်တော် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်း ဥပဒေကြမ်း ပြုစုရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ   သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (ဒုတိယနေ့) အား ယနေ့မွန်းလွဲ (၁:၀၀) နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမငယ်၌ ကျင်းပသည်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်း ဥပဒေကြမ်း ပြုစုရေးအဖွဲ့ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းလွင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်‌‌ရောက်ကြသည်။