မန္တလေး အောက်တိုဘာ ၉
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေး ဆိုင်ရာကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြား လာသော တင်ပြစာနှင့်ပတ်သက်၍ ကော်မတီအနေဖြင့် သိရှိလိုသည်များနှင့်စပ်လျဉ်း၍ (၈.၁၀.၂၀၂၆)ရက်နေ့တွင် ပျော်ဘွယ်မြို့သို့ ကွင်းဆင်းလေ့လာခြင်း ပြုလုပ်သည်။
အဆိုပါ ကွင်းဆင်းလေ့လာခြင်းသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာ နှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဦးဇော်အောင်ထက် နှင့် ကော်မတီအဖွဲ့ဝင်(၅)ဦး လိုက်ပါခဲ့ကြသည်။





