တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီအစည်းအဝေး(၂/၂၀၂၆)(ဒုတိယနေ့) ကျင်းပပြုလုပ်

မန္တလေး ဇူလိုင် ၃၁

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီအစည်းအဝေး(၂/၂၀၂၆)(ဒုတိယနေ့) ကို (၃၁.၇.၂၀၂၆)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။           အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးဘုန်းမြင့် နှင့် ကော်မတီ အဖွဲ့ဝင်(၅)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းမည့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ကော်မတီအနေဖြင့် စိစစ်သုံးသပ်၍ အစီရင်ခံစာ တင်သွင်းနိုင်ရေး ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။