တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် “ဂရန်ရရှိသင့်သူများ ဂရန်ထုတ်ပေးနိုင်ရေးအတွက် လေ့လာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပေးရေး” အဆိုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တ‌လေး နိုဝင်ဘာ ၁၀

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် “ဂရန်ရရှိသင့်သူများဂရန်ထုတ်ပေးနိုင်ရေးအတွက် လေ့လာ စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပေးရေး” အဆိုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး အား ယနေ့ မွန်းလွဲ (၁:၀၀) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမငယ်၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊  ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးခင်မောင်အေး၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သူ၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး နိုင်လင်းနှင့် ကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်‌‌ရောက်ကြသည်။