တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မန္တ‌လေး နိုဝင်ဘာ ၁၈

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွား ရေး ဆိုင်ရာကော်မတီ၏ မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသ ကြီး ဘဏ္ဍာရန်ပုံ‌ငွေဖြင့် ‌ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြီးစီးမှုရာခိုင်နှုန်းနှင့် ငွေကြေးထုတ်ယူသုံးစွဲမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ (၁၈.၁၁.၂၀၂၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး  ဦးဘုန်းမြင့် နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။