တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မန္တ‌လေး နိုဝင်ဘာ ၁၃

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းဥပဒေကြမ်း အပေါ် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ  အစီရင်ခံစာ ဖတ်ကြား တင်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက် (၁၀:၅၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ ရေးရာကော်မတီ အစည်းအဝေး ခန်းမငယ် ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးပိုအေးနှင့် ကော်မတီအဖွဲ့ဝင် (၅)ဦး တက်ရောက်ခဲ့ကြသည်။