မန္တလေး နိုဝင်ဘာ ၁၇
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွား ရေး ဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့ (၁၇.၁၁.၂၀၂၆) ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ဆိုင်ရာကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး ဦးဘုန်းမြင့် နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။










