ပထမအကြိမ်နှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းအတွင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအား ပြင်ဆင်ဖြည့်စွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မန္တလေး နိုဝင်ဘာ ၁၉

          ပထမအကြိမ်နှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်း အတွင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအား ပြင်ဆင်ဖြည့်စွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေး ကို (၁၉.၁၁.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမငယ်၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးသိန်းဌေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးလှမျိုး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ တက်‌‌ရောက်ကြသည်။