မန္တလေး သြဂုတ် ၃
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေး(၆/၂၀၂၆)ကို (၃.၈.၂၀၂၆)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးပိုအေးနှင့် ကော်မတီအဖွဲ့ဝင် (၅)ဦးခဲ့ကြပြီး အစည်းအဝေးတွင် မန္တလေး တိုင်းဒေသကြီးအတွင်း ခေတ်စနစ်နှင့်လျော်ညီသော ဥပဒေအသစ်များ ပြဌာန်းနိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။







