မန္တလေး ဇူလိုင် ၃၀
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီအစည်းအဝေး(၂/၂၀၂၆) ကို (၃၀.၇.၂၀၂၆)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း နှင့် ကော်မတီ အဖွဲ့ဝင်(၅)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းမည့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ကော်မတီအနေဖြင့် စိစစ်သုံးသပ်၍ အစီရင်ခံစာ တင်သွင်းနိုင်ရေး ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။





