တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (တတိယနေ့) ဆက်လက်ကျင်းပ

မန္တလေး နိုဝင်ဘာ ၁၃

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (တတိယနေ့) ကို (၁၃.၁၁.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ   စုစုပေါင်း(၆၇)ဦး တက်ရောက်သည်။ အဆိုပါ အစည်းအဝေးတွင် “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး” အဖြစ် ‌ဒေါ်မြတ်သီတာအောင်အား ခန့်အပ်ကြောင်း လွှတ်တော်သို့ကြေညာခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (တတိယနေ့) ကို (၁၀:၁၅) နာရီ အချိန်တွင် ကျင်းပပြီးစီးခဲ့ရာ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့သည်။