ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ မိန့်ခွန်းပြောကြားသည့် အစီအစဉ်အား Video Conferencing စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ တက်‌ရောက်

မန္တ‌လေး နိုဝင်ဘာ ၁၈

၁၈.၁၁.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့  မိန့်ခွန်းပြောကြားသည့် အစီအစဉ်အား Video Conferencing စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ရေးရာကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။