တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) စတင်ကျင်းပ

မန္တလေး မတ် ၂၀

            တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)ကို မတ်လ ၂၀ ရက် ဒီကနေ့ မနက်(၁၀:ဝဝ) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးရှိသည့် အနက် (၇၂)ဦးတက်ရောက်သည့်အတွက် ရာနှုန်းပြည့် တက်ရောက်ခဲ့ပါတယ်။

          ပထမဦးစွာ ပြည်ကြီးတံခွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်ကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ပါတယ်။

          အဲဒီနောက် သဘာပတိက ကတိသစ္စာပြုခြင်းနှင့်  ကတိသစ္စာပြုချက်ပေါ်တွင် လက်မှတ် ရေးထိုးခြင်းများ ဆောင်ရွက်ပြီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်ပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပါတယ်။

          အဲဒီနောက်     မိတ္ထီလာမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုးအား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပါတယ်။ ဆက်လက်ပြီး ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်အား တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

          ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိ ရှေ့မှောက် တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်ပေါ်တွင် လက်မှတ်ရေးထိုးကြပါတယ်။  တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။

          ဒီကနေ့အစည်းအဝေး (ပထမနေ့)ကို နံနက်(၁၁:ဝဝ)နာရီအချိန်တွင် ရပ်နားကြောင်း သိရှိရပါတယ်။