တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ဒုတိယနေ့) ဆက်လက်ကျင်းပ

မန္တ‌လေး နိုဝင်ဘာ ၁၀

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ဒုတိယနေ့) ကို (၁၀.၁၁.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ   စုစုပေါင်း(၆၇)ဦး တက်ရောက်သည်။        

          ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုသော “မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး”၏ အမည်စာရင်းနှင့်စပ်လျဉ်း၍  လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်မြတ်သီတာအောင်အား ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။ ဆက်လက်၍ “စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ”မှ “သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ” အဖြစ် လည်းကောင်း၊ “ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ” မှ “လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီ” အဖြစ် လည်းကောင်း  အမည်ပြောင်းလဲခြင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ပြောင်းလဲခြင်း၊ လုပ်ငန်းတာဝန်များ ပြင်ဆင်ခြင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာခဲ့သည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ဒုတိယနေ့) ကို (၁၀:၁၀) နာရီအချိန်တွင်  ရပ်နားကြောင်း နှင့် အစည်းအဝေး (တတိယနေ့) ကို ၁၂.၁၁.၂၀၂၆ (ကြာသပတေးနေ့) နံနက်(၁၀:ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။