မန္တလေး နိုဝင်ဘာ ၁၁
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းများ ဖတ်ကြားတင်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက် (၁၀:၅၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေး ခန်းမငယ်၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ စက်မှု၊ စွမ်းအင်၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီးကျော်ဝင်း၊ အတွင်းရေးမှူး ဦးဝင်းမြင့်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။







