တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်  ဥပဒေပြုရေးဆိုင်ရာ ကော်မတီအစည်းအဝေး(၁၂/၂၀၂၆) ကျင်းပပြုလုပ်

မန္တလေး နိုဝင်ဘာ ၅

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အစည်းအဝေး(၁၂/၂၀၂၆)ကို ယနေ့ နံနက် (၁၁၀၀) နာရီတွင် မန္တလေး တိုင်းဒေသကြီး လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး  ဦးပိုအေးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။