မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မန္တလေး နိုဝင်ဘာ ၆

          မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပ သည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေး ကော်မတီဝင်များ တက်ရောက်ကြသည်။

          ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်မှ အမှာစကား ပြောကြားခြင်း၊ ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် ဒေသဆိုင်ရာ အချက်အလက်များရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် များမှ အထွေထွေ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။