မန္တလေး နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ ဖော်ထုတ်ခြင်း ဥပဒေ(မူကြမ်း)၊ မန္တလေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများ စီမံရေးကိစ္စရပ်များ ဥပဒေ(မူကြမ်း)၊ မန္တလေးတိုင်းဒေသကြီး ကုသိုလ်ဖြစ်ဆေးရုံများနှင့် ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများ ဥပဒေ(မူကြမ်း)၊ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း ဥပဒေ(မူကြမ်း)၊ မန္တလေးတိုင်းဒေသကြီး အိမ်ရာနှင့် အဆောက်အအုံ များ ဥပဒေ(မူကြမ်း)များ ရေးဆွဲခြင်းနှင့် စပ်လျဉ်း၍လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၁:၀၀) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမငယ် ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ တက်ရောက်ကြသည်။







