မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီမှ မန္တလေးတိုင်းဒေသကြီးအတွင်း ယစ်မျိုးလိုင်စင်နှင့်ပတ်သက်၍ ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်နိုင်‌ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တ‌လေး နိုဝင်ဘာ ၃

          မန္တလေးတိုင်းဒေသကြီးလွှတ်တော်  လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီမှ မန္တလေးတိုင်းဒေသကြီးအတွင်း ယစ်မျိုးလိုင်စင်နှင့်ပတ်သက်၍ ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်နိုင်‌ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား ယနေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ ရေးရာကော်မတီ အစည်း အဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးညီညီ (ခ) ဦးကျော်ဆန်း၊ အတွင်း‌ရေးမှူး ဗိုလ်မှူးကြီးကျော်စိန်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်‌‌ရောက်ကြသည်။