မန္တလေး နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီမှ အခြေခံပညာကျောင်းများ၊ စီမံရေးကိစ္စရပ်များ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား ယနေ့ နံ့နက် (၁၀၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ပြည်သူ့ရေးရာနှင့် လူမှုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဦးဇော်အောင်ထက်နှင့် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။







