မန္တလေး မေ ၄
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ မှ ဥပဒေ(မူကြမ်း)ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆)ကို(၄.၅.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းလွင်နှင့်ကော်မတီအဖွဲ့ဝင်(၄)ဦး တက်ရောက်သည်။




