မန္တလေး ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားနာယူခြင်းအခမ်းအနား ကို ယနေ့ မွန်းလွဲ (၂) နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှအရာထမ်း/ အမှုထမ်းများ တက်ရောက်သည်။ ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ဩကာသ ကန်တော့ချိုးဖြင့် သီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များဟောကြားသော ပရိတ်တရားတော်များအား နာယူခြင်း၊ သံဃာတော်များအား လှူဖွယ် ဝတ္တုများဆက်ကပ် လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခြင်းများ ဆောင်ရွက် ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။






