တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ကော်မတီအစည်းအဝေး(၄/၂၀၂၆) ကျင်းပပြုလုပ်

မန္တလေး နိုဝင်ဘာ ၅

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၆)ကို ယနေ့ နံနက် (၁၀၀၀) နာရီ တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး  ဦးပါပါလွင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။