မန္တလေးတိုင်းဒေသကြီးလွှတ်တော် သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကြမ်း ပြုစုရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ  မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တ‌လေး အောက်တိုဘာ ၈

          မန္တလေးတိုင်းဒေသကြီးလွှတ်တော် သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကြမ်း ပြုစုရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ   မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်း သည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၁:၀၀) နာရီက မန္တလေး တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမငယ်၌ ကျင်းပသည်။ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကြမ်း ပြုစုရေးအဖွဲ့ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းလွင်နှင့် အဖွဲ့ဝင်များ၊  သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်‌‌ရောက်ကြသည်။