တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(နဝမနေ့) ဆက်လက်ကျင်းပ

မန္တလေး အောက်တိုဘာ ၆

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (နဝမနေ့) ကို (၆.၁၀.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၇)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာသူ(၁၀၀)ဦး စုစုပေါင်း (၁၇၁)ဦး တက်ရောက်သည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၁၃)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (နဝမနေ့) ကို (၁၁:၁၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့သည်။