မန္တလေးတိုင်းဒေသကြီးလွှတ်တော်စာကြည့်တိုက်ကို ပထမအကြိမ်လွှတ်တော်သက်တမ်း တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စာကြည့်တိုက်အား မြန်မာစာအုပ် အမျိုးအစား(၄၃၉)အုပ်နှင့် အင်္ဂလိပ်စာအုပ်အမျိုးအစား(၁၃)အုပ် စုစုပေါင်းစာအုပ်(၄၅၂)အုပ်ဖြင့် လွှတ်တော်ရုံးရှိ စာကြည့်တိုက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့ထိ စုဆောင်းထားရှိသော မြန်မာစာအုပ်အမျိုးအစား(၆၇၁၁)အုပ်နှင့် အင်္ဂလိပ်စာအုပ် အမျိုးအစား (၃၅၁)အုပ် စုစုပေါင်းစာအုပ်(၇၀၆၂)အုပ် စုဆောင်းထားရှိပါသည်။ ထို့အပြင် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် များမှပေးပို့လာသော မှတ်တမ်းများ၊ ဉပဒေပြုစာအုပ်များ၊ စာစောင်မဂ္ဂဇင်းများ၊ နိုင်ငံပိုင်သတင်းစာ၊ ဂျာနယ်များအား ဝယ်ယူစုဆောင်းထားရှိပါသည်။

