မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း  တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်

မန္တလေး စက်တင်ဘာ ၇

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့၏ တွေ့ဆုံပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမငယ်၌ ကျင်းပပြုလုပ်သည်။           အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး ဦးဘုန်းမြင့်၊ ကော်မတီအဖွဲ့ဝင်(၅)ဦးနှင့် မန္တလေး တိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။