မန္တလေး စက်တင်ဘာ ၅
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် (၉း၃၀) အချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်း အနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ က အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ လွှတ်တော်ဆိုင်ရာအချက်အလက် များအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မှ နိဂုံးချုပ် အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားပြီးမြောက်ကြောင်း ကြေညာ ခဲ့ပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဧည့်တွေ့ဆောင်ခန်းမတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တစ်ဦးချင်းမိတ်ဆက် တွေ့ဆုံပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် မွန်းလွဲ (၁၄:၀၀)အချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်မိသားစုမှ လွှတ်တော်ရုံး ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း နှင့် ဝန်ထမ်း များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား မန္တလေး တိုင်းဒေသကြီးလွှတ်တော်ရုံးသဘင်ဆောင်၌ ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ က အဖွင့် အမှာစကား ပြောကြားခြင်း၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ရုံး၌ တာဝန်ထမ်းဆောင် လျက်ရှိသော အရာထမ်း/အမှုထမ်းများ၏ သားသမီး(၁၅)ဦးအား ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်မိသားစုမှ ပညာသင်ထောက်ပံ့စရိတ်နှင့် လွှတ်တော်ရုံးဝန်ထမ်း များအတွက် တစ်ဦးလျှင်အခြေခံစားသောက်ကုန်(၃)မျိုးနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် လွှတ်တော်ရုံး အရာထမ်း/အမှုထမ်းများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။











































