မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ်၊  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်စီစစ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့မှ လမ်းညွှန်မှာကြားခြင်းအခမ်းအနား

မန္တ‌လေး စက်တင်ဘာ ၈

          မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ်၊  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက် စီစစ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ လမ်းညွှန် မှာကြားခြင်းအခမ်းအနားအား ယနေ့မွန်းလွဲ(၁:၀၀)နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးလွှတ်‌တော် ကိုယ်စားလှယ်များ တက်‌‌ရောက်ကြသည်။

          ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်မှ အမှာစကားပြောကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ အထွေထွေ ဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နိဂုံးချုပ်အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား ရုတ်သိမ်းလိုက်ကြောင်း သိရသည်။