မန္တလေး သြဂုတ် ၇
ဥပဒေကြမ်းရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်ဌာနများ၏ လုပ်ငန်းဆောင်ရွက် ချက်များကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်များလှယ်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားအား ယနေ့ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဥပဒေအရာရှိများ၊ သက်ဆိုင်ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ မန္တလေး တိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ တိုင်းဒေသကြီးက ဆောင်ရွက် ခွင့်ရှိသည့် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဌာန၏လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိ လိုသည်များအား မေးမြန်းခြင်းနှင့်တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။










