မန္တလေး နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ပထမအကြိမ် မဟာဘုံကထိန်တော် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၁၀၀၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ ရေးရာကော်မတီ အစည်းအဝေးခန်းမငယ်၌ ကျင်းပပြုလုပ်သည်။ အဆိုပါအစည်းအဝေးသို့ အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ (ခ) ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်၊ ညွှန်ကြားရေးမှူး ဦးမြတ်မိုး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။






