မန္တလေး နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား (၂၅.၁၁.၂၀၂၆) ရက်နေ့ နံနက် (၀၉၃၀) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ လွှတ်တော်ရုံး ဝန်ထမ်းများမှ ဆန္ဒဖော်ထုတ်တင်ပြနိုင်ရန် လက်ထောက် ညွှန်ကြားရေးမှူးများမှ မိမိတို့၏ ဌာနခွဲ၊ ဌာနစုများအလိုက် မေးမြန်းတင်ပြခြင်း၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် လက်ထောက်ညွှန်ကြားရေးမှူးများမှ မိမိတို့ တင်ပြလိုသည်များကို ဆွေးနွေးတင်ပြခြင်း၊ ဆက်လက်၍ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမှာစကား ပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။







