တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ အစည်းအဝေး(၃/၂၀၂၆) ကျင်းပပြုလုပ်

မန္တလေး ဇွန် ၂၀

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စည်ပင်သာယာရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာကော်မတီ အစည်းအဝေး (၃/၂၀၂၆) ကို ယနေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော်၊ စည်ပင်သာယာရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စည်ပင်သာယာရေး နှင့်ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ  ဥက္ကဋ္ဌ ဦးမြတ်သူ၊ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးနိုင်လင်း နှင့် ကော်မတီ အဖွဲ့ဝင်(၃)ဦး တက်ရောက်ခဲ့ကြသည်။