မန္တလေး ဇူလိုင် ၂၀
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေး(၅/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေ ပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးပိုအေးနှင့် ကော်မတီအဖွဲ့ဝင် (၅)ဦး တက်ရောက်ခဲ့ကြသည်။




