ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ တက်ရောက်

မန္တလေး ဇူလိုင် ၂၀

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီသည် (၁၈.၇.၂၀၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့်အတူ ကျောက်ဆည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သော ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများ တက်ရောက်ခြင်း နှင့်နယ်မြေကွင်းဆင်းလေ့လာခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။           အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး  ဦးဘုန်းမြင့် နှင့် ကော်မတီ အဖွဲ့ဝင်(၄)ဦး တက်ရောက်ခဲ့ကြသည်။