မန္တလေး ဇူလိုင် ၁၆
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေး ဆိုင်ရာကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြား လာသော တင်ပြစာနှင့်ပတ်သက်၍ ကော်မတီအနေဖြင့် သိရှိလိုသည်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံမေးမြန်းခြင်း၊ သက်ဆိုင်ရာ နယ်မြေသို့ ကွင်းဆင်း လေ့လာခြင်းတို့ဆောင်ရွက်ခဲ့ပြီးနောက် လေ့လာတွေ့ရှိချက်များအား လွှတ်တော်ဥက္ကဋ္ဌထံသို့ ပြန်လည်အစီရင်ခံတင်ပြနိုင်ရေးအတွက် အစီရင်ခံစာရေးသားခြင်းအား (၁၆.၇.၂၀၂၆)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာ ကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးဇော်အောင်ထက်နှင့် ကော်မတီအဖွဲ့ဝင်(၅)ဦး တက်ရောက်ကြသည်။








