မန္တလေး ဇူလိုင် ၁၆
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လုံခြုံရေးနှင့်စီမံခန့်ခွဲရေး ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆)ကို (၁၆.၇.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လုံခြုံရေးနှင့်စီမံခန့်ခွဲရေး ဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့်စီမံခန့်ခွဲ ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးညီညီ(ခ)ဦးကျော်ဆန်း၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်စိန်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်(၄)ဦး တက်ရောက်သည်။








