မန္တလေး ဇူလိုင် ၁၅
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ (၂/၂၀၂၆) ကို (၁၅.၇.၂၀၂၆)ရက်နေ့ ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဝင်းနှင့် ကော်မတီ အဖွဲ့ဝင်(၃)ဦး တက်ရောက်ကြသည်။







