တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာကော်မတီ ကွင်းဆင်းလေ့လာခြင်းပြုလုပ်

မန္တလေး ဇူလိုင် ၁၄

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေး ဆိုင်ရာကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြား လာသော တင်ပြစာနှင့်ပတ်သက်၍ ကော်မတီအနေဖြင့် သိရှိလိုသည်များနှင့်စပ်လျဉ်း၍ (၁၄.၇.၂၀၂၆)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်မြေသို့ ကွင်းဆင်းလေ့လာခြင်း ပြုလုပ်သည်။           အဆိုပါ ကွင်းဆင်းလေ့လာခြင်းသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာ နှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဦးဇော်အောင်ထက်၊ ကော်မတီအဖွဲ့ဝင်(၅)ဦး လိုက်ပါခဲ့ကြသည်။